Pages

Pages

မိုင်ပျဉ်းမြို့၌ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဒမ္မပါလ စာအောင်သံဃာတော်များ အောင်လက်မှတ် ဆက်ကပ်ပေးအပ်





MNP ၊ မေ  ၁၉

ပရိယတ္တိစာသင်တိုက်တွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဒမ္မပါလ စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်ပူဇော်ပွဲကို မေ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီတွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


ရှေးဦးစွာ မိုင်းပျဉ်းမြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ စွန်တောင်းကျောင်းဆရာတော် ဥူးဆစ်ထိကွမ်းရှန်မှ ဩဝါဒအမှာစကား မြွက်ကြားပါသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းထွန်းစိန်က အမှာစကား ပြောကြားသည်။ ထို့နောက် ဆရာတော် ဥူးဝါရာမ ဦးစီး၍ ဆရာတော် ဥူးဆစ်ထိကွမ်းရှန်၊ ဆရာတော် ဥူးဆစ်ထိစောန၊ ဆရာတော် ဥူးကောလိန်တတို့က ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဒမ္မပါလ စာအောင်သံဃာတော် အငယ်တန်း ပထမ နှစ် ၄၁ ပါး၊ အငယ်တန်း ဒုတိယနှစ်  ၁၃ ပါး၊ စုစုပေါင်း စာအောင်သံဃာတော် ၅၄ ပါးတို့ကို အောင်လက်မှတ်များ ဆက်ကပ်ပေးအပ် ပူဇော်ခဲ့ကြောင်း သိရှိရသည်။


အဆိုပါ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိ သဒ္ဒမ္မပါလ စာအောင်သံဃာတော်များ အောင်လက်မှတ် ဆက်ကပ်ပူဇော်ပွဲကို မြို့နယ်အတွင်းရှိ ဆရာတော် သံဃာတော်များ၊ ဂေါပကအဖွဲ့များ၊ အလှူရှင်များ၊ ဝေယျာဝစ္စအဖွဲ့ဝင်များ၊ စာအောင် သံဃာတော်များ၏ ဒါယိကာ၊ ဒါယိကာမများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။


ရန်နောင်ထွန်း

 https://t.me/MyanmarNationalPost














No comments:

Post a Comment