MNP ၊ မေ ၂၉
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မိုခါမုန်တိုင်းမှာ အားအလွန်ပြင်းသဖြင့် ထိခိုက်ပျက်စီးမှု များခဲ့ပြီးရသေ့တောင်မြို့နယ်ဆက်သွယ်ရေး နှင့်ကြေးနန်းရုံးဝင်းမှ သစ်ပင်ကြီးများ မှာပြိုလဲခဲ့သောကြောင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးလူမော်ခေါင်းဆောင်သောမီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ပိုင်းကChain saw များနှင့် ပိုင်းဖြတ်ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း တာဝန်ရှိသူထံမှသိရှိရသည်။
ရသေ့တောင်မြို့၌ မိုခါ မုန်တိုင်းမှာအားအလွန်ပြင်းပြီးထိခိုက်ပျက်စီးမှုများခဲ့သဖြင့်တစ်မြို့နယ်လုံးနီးပါးထိခိုက်ပျက်စီးခဲ့ရာထိခိုက်ပျက်စီးသည့်အမှိုက်သရိုက်များအား မြို့နယ်စည်ပင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှနေ့စဥ်လိုက်လံသိမ်းဆည်းခြင်း ၊ မီးရှို့ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment