Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ သဘာဝဘေးအပေါ် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ အသင့်စုဖွဲ့ထားရှိမှုအား စစ်ဆေး





MNP ၊ မေ  ၁၀

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝ ဘေးအန္တရာယ်များပေါ်ပေါက်ပါက သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး အ တွက် လုပ်ငန်းသုံးပစ္စည်းများ အသင့်ကြိုတင်ပြင်ဆင်စုဖွဲ့ ဆောင်ရွက်ထားရှိမှုအား ယနေ့နံနက် ၉ နာရီအချိန် စစ်ဆေး ဆောင်ရွက်ခဲ့သည်။


ထိုသို့အသင့်စုဖွဲ့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်စင် နှင့် မြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထွန်းရွှေခိုင် ဦးဆောင်၍  ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ သဘာဝဘေး ကျ ရောက် ပါက ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်နိုင်ရေးအတွက် ရှာဖွေ ကယ်ဆယ် ရေး လုပ်ငန်းသုံးပစ္စည်းများ အသင့်ကြိုတင်ပြင်ဆင်စုဖွဲ့ထားရှိပြီး  လမ်းညွန်မှုခံယူရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး  နှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးပြီး  ခရိုင်မီးသတ်ဦးစီးမှူးက အသေးစိတ်ရှင်းလင်းပြသခဲ့​ကာ တာဝန်ရှိသူများက လို အပ် သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။


သက်လွင်စိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment