MNP ၊ မေ ၃
ရခိုင်ပြည်နယ် ၊ ဂွမြို့နယ်တွင် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဘွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် (၉)နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများပူးပေါင်းပြီး မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်နှင့် ဆရာတော် သံဃာတော်(၉)ပါးတို့အား ပင့်ဖိတ်၍ အခမ်းအနားအား နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်၍ ဇေယျမင်္ဂလာသိဒ္ဓိ ကျောင်း(အလယ်ရွာ) ဆရာတော်ထံမှ သရဏဂုံ(၃)ပါးနှင့် ငါးပါးသီလဆောက်တည်ခဲ့ကြပြီး မြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ သဒ္ဓမ္မ မေဒနီမြို့မကျောင်းသစ် ဆရာတော်ထံမှ အနုမောဓနာတရား နာယူကြခဲ့ကြပြီး မြို့နယ်သံဃာ့နာယက ဆရာတော်နှင့် ဆရာတော် သံဃာတော်(၉)ပါးတို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဘွယ်ဝတ္ထုများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြကြောင်း သိရသည်။
ခိုင်မိုးမင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment