Pages

Pages

ဂွမြို့တွင် ဌာနဆိုင်ရာများက မြို့သန့်ရှင်းသာယာလှပစေရေး စုပေါင်းဆောင်ရွက်






MNP ၊ မေ  ၂၀

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ ဦးဆောင်ကြီးကြပ်မှုဖြင့်  မြို့သန့်ရှင်းသာယာလှပစေရေး အတွက်   မြို့နယ် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့ နံနက်(၇)နာရီအချိန်က ရွာမရပ်ကွက်၊ ညောင်ဝိုင်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ စုပေါင်းသန့်ရှင်းကို မြို့နယ်ဌာနဆိုင်ရာများ၊မြို့နယ်ရဲတပ်ဖွဲ့၊  မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာ ရေး အဖွဲ့များက ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းနှင့် ကျောင်းပြင်ရှိ မြက်များ၊ အမှိုက် များ၊ စွန့်ပစ်အမှိုက်များ၊ ခြုံနွယ်ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းခြင်းဖြင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြပြီး အမှိုက်များအား အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စွန့်ပစ်ခဲ့ ကြကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost















No comments:

Post a Comment