MNP - မေ ၂၉
ဘရိုက်တန်အသင်းဥက္ကဌ တိုနီ ဘလွန်းမ်က အဓိက ကွင်းလယ်ကစားသမား မွိုက်စ် ကိုင်စီဒိုနဲ့ မက် အဲလစ္စတာတို့ကို လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ဆုံးရှုံးနိုင်ချေရှိတာနဲ့ပတ်သက်ပြီး "ကျွန်တော်တို့ရဲ့ ကြယ်ပွင့်ကစားသမားနှစ်ယောက်ကို ဆုံးရှုံးခဲ့ရင်တောင် နောက်ရာသီမှာလည်း အခုလို ယှဉ်ပြိုင်နိုင်မှာပါ" လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တိုနီ ဘွန်းမ်က"ကလပ်တိုင်းလိုလိုမှာ ဒီလိုဖြစ်တတ်ပါတယ်၊ ကျွန်တော်တို့ စိတ်မပူပါဘူး၊ ကျွန်တော်တို့ ကစားသမားတွေအတွက် သင့်တော်တဲ့ဈေးနှုန်းကို ရနေသရွေ့တော့ သူတို့လည်း လိုက်သွားပါလိမ့်မယ်" လို့ ထပ်လောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment