MNP ၊ မေ ၂၇
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)မှ မိုခါမုန်တိုင်း လေဘေးသင့် ရခိုင်ပြည်နယ်ပါတီဝင်တွေအတွက် အလှူငွေကျပ်သိန်း(၁၀၀၀) လာရောက် လှူဒါန်းရာ ပါတီဌာနချုပ် အစည်းအဝေးခန်းမတွင် ဥက္ကဋ္ဌ ဦးခင်ရီ က လက်ခံရယူခဲ့ကြောင်း သိရသည်။
အလှူငွေပေးအပ်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် ဌာနချုပ်ရှိ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပြီး ဦးခင်ရီက မေ(၁၄)ရက်ကစခဲ့တဲ့ ဒီမိုခါမုန်တိုင်းဟာ စစ်တွေ၊ ကျောက်တော်၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စတဲ့(၆)မြို့နယ်ကို အပြင်းထန်ဆုံး ထိခိုက်ခဲ့တာဖြစ်ပြီး ပါတီဝင်အိမ်ထောင်စု ပေါင်း(၃၀၀)ခန့်ရဲ့ အိုးအိမ်ပိုင်ဆိုင်မှုတွေကို မွှေနှောက်နင်းချေ ဖျက်ဆီးသွားခဲ့ပါကြောင်း၊ မေလ(၁၈)ရက်နေ့ ညကစပြီးတော့ ကျွန်တော်နဲ့ အထွေထွေအတွင်းရေးမှူးတို့ ရန်ကုန် - စစ်တွေ ခရီးစဉ်ကိုစခဲ့ပြီး စစ်တွေမှာ စုစည်းရင်း ရသမျှ လေဘေးသင့်ပါတီဝင်အိမ်ထောင်စု(၂၀၀)ကျော်ကို တွေ့ဆုံအားပေးခဲ့ပြီး အလှူငွေ သိန်း(၅၀)နဲ့ အသင့်စားခေါက်ဆွဲခြောက်ပုံး (၃၀၀၀)ထောက်ပံ့ခဲ့ကြောင်း၊ အသင့်စားခေါက်ဆွဲခြောက်ပုံး (၇၀၀၀)ကိုတော့ အများပြည်သူအတွက် လှူဒါန်းပေးခဲ့ကြောင်း၊ မေ(၂၀)မှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ လေးဘေးသင့် အလှူငွေပေးအပ်ပွဲမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်ထံ ပါတီဝင်တွေ စုပေါင်းလှူဒါန်းတဲ့ အလှူငွေ သိန်း(၃၀၀) ကိုလည်း လှူဒါန်းမှုပြုခဲ့ရလို့ ဝမ်းသာပီဖြစ်ရပါကြောင်း ရေးသားဖော်ပြထားသည်။
ပါတီဥက္ကဋ္ဌ ဦးခင်ရီက ကျွန်တော်စစ်တွေကို ရောက်တုန်းက စစ်တွေမြို့ရဲ့ ပြိုလဲပျက်စီး နေတဲ့ အရှုပ်အထွေးတွေ၊ လမ်းပိတ်ဆို့မှုတွေ၊ ဓာတ်အားပြတ်တောက်မှု စတဲ့ လုပ်ငန်းစဉ်တွေကို တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ လူမှုရေးအသင်းအဖွဲ့တွေက ပင်ပင် ပန်းပန်း ရှင်းလင်းဆောင်ရွက်နေကြတာကိုတွေ့ခဲ့ရလို့ ပါတီကလည်း တစ်ဖက် တစ်လမ်းက ကူညီနိုင်ဖို့ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ် အချို့ဒေသတွေက အပါအဝင် ပါတီဝင်အင်အား (၃၀၀)ခန့်နဲ့ စစ်တွေမြို့ကို စုစည်းစေလွှတ်ပေးပြီး မေ(၂၃)ရက်နေ့ကစတင်ကာ လုပ်အားဒါနပြုစေခဲ့ကြောင်း၊ လတ်တလောမှာ ဘေးဒုက္ခရောက်နေတဲ့ နေရာဖြစ်လို့ အဖွဲ့အစည်း တွေမှာ ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်တာနဲ့ လက်ရှိအင်အားလောက်ကိုပဲ ထုတ်နှုတ်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း၊
ဒီအချိန်မှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျွန်တော်တို့ပါတီအင်အားစုက တတ်အားသမျှ လာရောက် ပါဝင်ကူညီ ပံ့ပိုးပေးတာဟာ အဖွဲ့အစည်းကိုချစ်တဲ့စိတ်၊ ကြီးမားသော စေတနာနဲ့ စည်းလုံးညီညွတ်မှု စတာတွေကို ညွှန်းဆိုပြသနေတယ်လို့ ဆိုရမှာဖြစ်ပါကြောင်း ရေးသားဖော်ပြထားသည်။
#MyanmarNationalPost





No comments:
Post a Comment