Pages

Pages

ဆာဂျီယို ဘုစကွက်ရဲ့ နေရာကို ကင်းမ်မစ်နဲ့ အစားထိုးဖို့ ကြံရွယ်နေတဲ့ ဘာစီလိုနာ



MNP - မေ  ၂၃


ဘာစီလိုနာအသင်းနည်းပြ ဇာဗီ ဟာနန်ဒက်ဇ်က ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာခွင့်တောင်းဆိုထားတဲ့ ကွင်းလယ်ကစားသမား ဂျိူရှူဝါ ကင်းမ်မစ်ကို ခေါ်ယူဖို့နဲ့ပတ်သက်ပြီး ” ညာနောက်ခံလူသစ်က အခု ကျွန်တော်တို့အတွက် ဦးစားပေးမဟုတ်ပါဘူး။ ဘုစကွက်က ထွက်ခွာတော့မှာဖြစ်လို့ သူ့နေရာကို အစားထိုးဖို့ လိုပါတယ်။” လိူ့ ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဇာဗီ ဟာနန်ဒက်ဇ်က "ကင်းမ်မစ်လား၊ သူက အရမ်းတော်တဲ့ ကစားသမားဖြစ်ပြီး သူ့ကစားနေရာမှာ ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ယောက်ပါ။ ကျွန်တော်အပိုတွေ မပြောချင်ပါဘူး ရီးရဲလ်ဆိုစီဒက်ဒါရိုက်တာက ဇူဘီမန်ဒီနဲ့ ကောလဟလတွေကို သဘောမကျပါဘူး”လို့ ထပ်လောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment