Pages

Pages

မြောက်ဦးမြို့နယ်အတွင်း မုန်တိုင်းသင့် အခြေခံပညာကျောင်းများမှ မဖြစ်မနေ ယာယီစာသင် ဆောင်ဆောက်လုပ်ရမည့် ကျောင်းများအား တာပေါ်လင်စနှင့် ထောက်ပံ့ငွေများပေးအပ်




MNP ၊ မေ  ၃၀

မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေ ၊  ခရိုင် အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးသက် နှင့် တာဝန်ရှိသူများ၏ ဦးဆောင်ကြီးကြပ်မှုဖြင့်  မဖြစ်မနေ ယာယီစာသင်ဆောင် ဆောက်လုပ်ရမည့် ကျောင်းများအား တာပေါ်လင်စနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို  ယမန်နေ့ က မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးသက် ၊ မြို့နယ်ပညာရေးမှူး ဦးမောင်တင်အောင် တို့က မဖြစ်မနေ ယာယီစာသင်ဆောင် ဆောက်လုပ်ရမည့် အခြေခံပညာကျောင်း(၁၁) ကျောင်း အတွက် မြောက်ဦး တပ်နယ် မှ အလျား(၃၀) ပေ ၊ အနံ(၃၀) ပေရှိသည့် စစ်စိမ်းအမိုးတာပေါ်လင်(၄၇) စ တို့ကို လတ်တလောအသုံးပြုနိုင်ရန်ငှားရမ်းပေးခဲ့ပြီး ယာယီစာသင်ဆောင်ဆောက်လုပ်ရာတွင် ကျောင်း(၁၁) ကျောင်းအတွက်  ကုန်ကျစရိတ် ငွေ(၈,၉၇၇,၀၀၀) ကျပ်ကို အဆိုပါ ကျောင်းများမှ ကျောင်းအုပ်ဆရာကြီးများ၊ ကျောင်းကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား ထောက်ပံ့ပေးအပ်ခဲ့သည်။


ယခုအခါ မိုခါ မုန်တိုင်းကြောင့် ပျက်စီးသွားသော စာသင်ကျောင်း (၂၄၄) ကျောင်းအား အချိန်မီပြင်ဆင်နိုင်ရေးအတွက် သက်ဆိုင်ရာကုမ္ပဏီများမှ ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပြီး ဇွန်လ(၁) ရက်နေ့ အမီ ကျောင်းဖွင့်နိုင်ရေးနှင့် အဆောက်အဦးအခက်အခဲရှိသည့် စာသင်ကျောင်းများကို ယာယီစာသင်ဆောင်များဆောက်လုပ်၍ အဆင်ပြေစွာ သင်ကြားနိုင်ရေး တာဝန်ရှိသူများမှ ပေါင်းစပ်ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။


မြင့်စိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment