Pages

Pages

ပေါက်တောမြို့နယ်၌ ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်






MNP ၊ မေ  ၂၃

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ပြီး ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၃ ရက်မှ ဇွန် ၁ ရက်အထိ ပေါက်တောမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ကြသည်။


ပေါက်တောမြို့နယ်တွင် ယနေ့ နံနက်ပိုင်းမှ စတင်၍ အခြေခံပညာကျောင်း များတွင် ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လျက်ရှိရာ တာဝန်ကျ ဆရာ ဆရာမများက လာရောက် အပ်နှံကြသည့် ကျောင်းသား မိဘများနှင့် ကျောင်းသား ကျောင်းသူများ အဆင်ပြေ ချောမွ့စွာ ကျောင်းအပ်နှံရေး အတွက် ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။


ဝင်းမင်းစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment