Pages

Pages

အမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ပထမအကြိမ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ တော်ကျင်းပ







MNP ၊ မေ  ၂၈

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ပထမအကြိမ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ တော်အား (၂၈-၅-၂၀၂၃)ရက်နေ့ နံနက် (၈:၀၀) နာရီတွင် အမ်းမြို့နယ်၊ အမှတ်(၅) ရပ်ကွက် အတွင်းရှိ အေးရိပ်သာဘုန်းတော်ကြီးကျောင်းဝင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။


ပထမအကြိမ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်အား အမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး ဒေသအတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်လာစေရေး၊ ရာသီဥတု ကောင်း မွန်မျှတလာစေရေး၊ ပြည်သူ များမှ သစ်ပင်သစ်တောများကို ပိုမိုချစ်ခင်တန်းဖိုးထားတတ် လာစေရေး ရည် ရွယ်၍ သက်တမ်းရင့် အမြင့် (၂)ပေ အထက် ပျဉ်းကတိုး(၁၄၀) ပင်၊ ပိတောက်(၅၀)ပင်၊ မဟော်ဂ နီ(၁၀၀)ပင်၊ သင်္ကန်းနက်(၁၅၀) ပင်၊ ကျွန်း(၁၀၀)ပင်၊ စုစုပေါင်း (၅၄၀)ပင် တို့ကို တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဌ ဒုတိယဗိုလ်မှူးကြီး မောင်မောင်ခိုင်၊ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးဦးသန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဆရာ/ဆရာမများ၊ကျောင်းသားကျောင်းသူများ၊မြို့နယ်အမျိုးသ မီးရေးရာအသင်းဝင်များ၊  မိခင်နှင့် ကလေးစောင့်ရှောက်ရေးအ သင်းဝင်များ စုစုပေါင်း အင်အား (၁၀၀)ခန့်ဖြင့် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment