Pages

Pages

ပေါင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာကျောင်းများ၌ ကျောင်းအပ် လက်ခံခြင်းများစတင်





MNP ၊ မေ  ၂၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံး၌ ကျောင်းအပ်လက်ခံခြင်းများကို ယနေ့ နံနက်ပိုင်းမှ စတင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


 ပညာရေးဝန်ကြီးဌာန၊အခြေခံပညာကျောင်း အားလုံး၌ ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိကြောင်းနှင့် ကျောင်းသုံး ပြဌာန်း စာအုပ်၊ဗလာစာအုပ်၊ ဘောပင်၊ခဲတံ တို့ကို ကျောင်းသား၊ကျောင်းသူတိုင်းအား နိုင်ငံတော်မှ(အခမဲ့)ထောက်ပံ့ပေးပြီး မူလတန်းအဆင့် ကျောင်းသား ၊ကျောင်းသူများအား ၎င်း ထောက်ပံ့ပစ္စည်းများအပြင် ကျောင်းဝတ်စုံ တစ်စုံ စီပါထောက်ပံ့ကာ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။


ပေါင်မြို့နယ်တွင် အခြေခံပညာ ကျောင်းပေါင်း ၁၆၄ ကျောင်းရှိပြီးပထမ နေ့ တွင် ကျောင်းသား၊ကျောင်းသူများ လာရောက်အပ်နှံသူ အများအပြားရှိကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေး ၏ပြောကြားချက်အရ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment