Pages

Pages

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့တို့ရှိ နယ်မြေခံရေ တပ်စခန်းများအား ကြည့်ရှုစစ်ဆေးပြီး ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း




MNP ၊ မေ ၂၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်သည် ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ နယ်မြေခံ ရေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး၊ နယ်မြေခံ ရေတပ်စခန်းဌာနချုပ်မှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် နယ်မြေခံ တပ်ဌာနချုပ် များအား လှည့်လည်ကြည့်ရှုပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံ အားပေးစကားပြောကြားသည်။  ထို့နောက် ပြန်လည်ထူထောင်ရေးနှင့် ကူညီကယ်ဆယ်ရေး ပစ္စည်းများ သယ်ယူပို့ဆောင်ရေးတာဝန် ထမ်းဆောင်နေသာ စစ်ရေ ယာဉ်မှူးများအားတွေ့ဆုံပြီး ပစ္စည်းများ အချိန်မီရောက်ရှိရေး၊ စနစ်တကျသယ်ယူ ပို့ဆောင်ရေးနှင့် အမြန်ဖြန့်ခွဲရေးတို့အတွက်  လိုအပ်သည်များ မှာကြားသည်။


ထို့နောက် ကျောက်ဖြူမြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး  တပ်မတော်(ရေ)စစ်ရေ ယာဉ်ဖြင့် သံဇစ်မြစ်ကြောင်း တစ်လျှောက် လှည့်လည်ကြည်ရှု၍ နယ်မြေခံရေတပ် အခြေစိုက်စခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များအား တွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment