Pages

Pages

ကျိုင်းတုံမြို့ရှိ နောင်တုံကန်အတွင်း သဲ၊ နှုန်းများ ဆယ်ယူနေမှုအခြေအနေအား ကြည့်ရှု



MNP ၊ မေ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ နောင်တုံကန်အတွင်း သဲ၊ နှုန်း များဆယ်ယူနေမှုအခြေအနေများအား ယနေ့မွန်းလွဲပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုကြသည်။


ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျိုင်းတုံမြို့ရှိ နောင်တုံကန်အတွင်းမှ  စက်ယန္တရားကြီးများဖြင့် သဲ၊ နှုန်း စုပ်ယူနေမှုအခြေအနေများနှင့် နောင်တုံကန် အတွင်း သဲနှုန်းများစွန့်ပစ်နေရာတွင် သဲ၊ နှုန်းပါဝင်မှု အခြေအနေများအား သွား ရောက်ကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment