မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဒါဏ်ကြောင့်ပြိုကျပျက်စီးသွားခဲ့သောရသေ့တောင်မြို့နယ်ရုံးအား စစ်တွေခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်ယုယုနွယ်မှကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဒါဏ်ကြောင့်ပြိုကျပျက်စီးသွားခဲ့သောရသေ့တောင်မြို့နယ်ရုံးအား စစ်တွေခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်ယုယုနွယ်မှကွင်းဆင်းစစ်ဆေး





MNP ၊ မေ  ၂၉

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒါဏ်ကြောင့်ပြိုကျပျက်စီးသွားခဲ့သောရသေ့တောင်မြို့နယ်ရုံးအား စစ်တွေခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်ယုယုနွယ်က ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြည့်ရှူပြီး ခေါင်မိုးလန်သွားသောကလေးစာဖတ်ခန်း ယာယီရုံးဖွင့်လှစ်ထားသောရုံးခန်း၌ မြို့နယ်ရုံးဝန်ထမ်းများအားလိုအပ်သည်များကိုမှာကြားကာ ဝန်ထမ်းများအားအားပေးစကားပြောကြားသည်။


ဆက်လက်ပြီး လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်ယုယုနွယ်က မြို့နယ်ရုံးဝန်ထမ်းများအား ထောက်ပံငွေပေးအပ်ရာ ဒုတိယဦးစီးမှုးဒေါ်တင်ဇာဦးက ဝန်ထမ်းများကိုယ်စားလက်ခံရခဲ့သည်။ရသေ့တောင်မြို့နယ်ရုံးသည် ၁၄. ၅ ,၂၀၂၃ ရက်နေ့ကတိုက်ခတ်ခဲ့သောမိုခါ ဆိုင်ကလုန်းမုန်တိုင်းဒါဏ်ကြောင့်ပြိုကျပျက်စီးသွားခဲ့ကာ ခေါင်မိုးလန်သွားသောကလေးစာဖတ်ခန်းအား ယာယီရုံးဖွင့်လှစ်ဆောင်ရွက်လျှက်ရှိပါသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)