သီရိလင်္ကာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံများမှ ပွားယူပင့်ဆောင်ထားသည့် ဗုဒ္ဓမြတ်စွယ်တော်နှစ်ဆူအား တောင်ငူမြို့သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ စွယ်တော်ကိန်းဝပ်စံပယ်တော်မူမည့် ကျောင်းတော်သို့ ပင့်ဆောင်ပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီရိလင်္ကာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံများမှ ပွားယူပင့်ဆောင်ထားသည့် ဗုဒ္ဓမြတ်စွယ်တော်နှစ်ဆူအား တောင်ငူမြို့သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ စွယ်တော်ကိန်းဝပ်စံပယ်တော်မူမည့် ကျောင်းတော်သို့ ပင့်ဆောင်ပူဇော်ပွဲ ကျင်းပ


MNP ၊ မေ ၁

သီရိလင်္ကာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံများမှ ပွားယူပင့်ဆောင်ထားသည့် ဗုဒ္ဓမြတ်စွယ်တော်နှစ်ဆူအား ခေတ္တကိန်းစပ်စံပယ်တော်မူရာ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်မှ တောင်ငူမြို့သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးရင်ပြင်တော်ရှိ စေတနာရှင် အလှူရှင်များမှ ဆောက်လုပ်လှူဒါန်းထားသည့် စွယ်တော်မြတ်နှစ်ဆူ ကိန်းဝပ်စံပယ်အပူဇော်ခံတော်မူမည့်ကျောင်းတော်သို့ ပင့်ဆောင်ပူဇော်ပွဲကို ယနေ့ နံနက်ပိုင်းတွင် သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်ရှိ ပဋိသောတဂါမိနိဓမ္မဗိမာန်တော်၌ ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့်အဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီတဂူကေတုမတီဗုဒ္ဓတက္က သိုလ်ကျောင်းအုပ်ဆရာတော် အရှင်တိက္ခသာရထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မြတ်ဗုဒ္ဓစွယ်တော်ပွားနှစ်ဆူအား တောင်ငူမြို့အတွင်း လှည့်လည် ပင့်ဆောင်အပူဇော်ခံကာ မော်တော်ယာဉ်များဖြင့် သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ စွယ်တော်မြတ်စံကျောင်းတော်သို့ ပင့်ဆောင်ပူဇော်ကြသည်။

အဆိုပါ မြတ်ဗုဒ္ဓစွယ်တော်ပွားနှစ်ဆူသည် ရွှေကျင်သာသနာပိုင် သီတဂူဗုဒ္ဓ တက္ကသိုလ်များနှင့်ဆေးရုံများ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ အဘိဓဇ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ အရှင်ဉာဏိသာရ အမှူးပြုသော သံဃာတော်များက တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ဗုဒ္ဓမြတ်စွယ်တော်နှင့် လက်ညှိုးအရိုးဓာတ်တော်၊ သီရိလင်္ကာနိုင်ငံရှိ ဗုဒ္ဓမြတ်စွယ်တော်များထံ ရင်ငွေ့လှုံကာ ပွားယူပင့်ဆောင်ပူဇော်ခဲ့ခြင်းဖြစ်ပြီး အများပြည်သူစေတနာရှင် အလှူရှင်များ ဖူးမြော်ပူဇော်ကြည်ညိုနိုင်စေရန် တောင်ငူမြို့ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ စွယ်တော်မြတ်စံကျောင်းတော်သို့ ဩဝါဒစရိယ ဆရာတော်ကြီးများ၏ ဩဝါဒခံယူကာ ပင့်ဆောင်ပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)