Pages

Pages

စပါးက ငါ့အသင်းမဟုတ်ခဲ့ဘူးလို့ စပါယ်ရှယ်ဝမ်း ပေါက်ကွဲ



MNP - မေ  ၃၀


ရိုးမားအသင်းနည်းပြ ဟိုဆေး မော်ရင်ဟို တော်တင်ဟမ်ဟော့စပါးအသင်းမှာ နည်းပြခဲ့တာနဲ့ပတ်သက်ပြီး “တော့တင်ဟမ်ဟော့စပါးက ကျွန်တော့်မှာ ရင်းရင်းနှီးနှီးမရှိခဲ့တဲ့ တစ်ခုတည်းသောအသင်းပါ။ ကိုဗစ်ကာလမှာ ကွင်းက လွတ်နေပြီး ဥက္ကဌ လီဗိုင်းလ်က ကျွန်တော့်ကို ဖိုင်နယ်မှာ ကစားခွင့် မပေးခဲ့ပါဘူး။ဒါဟာ ကျွန်တော့်ဘဝတစ်လျှောက် ဆုဖလားတွေ မဆွတ်ခူးနိုင်ခဲ့တဲ့ တစ်ခုတည်းသောကလပ်ပါ"လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။


မော်ရင်ဟိုဟာ နည်းပြဘဝတစ်လျှောက် ချဲလ်ဆီး၊အင်တာမီလန်၊ရီးရဲလ်မက်ဒရစ်၊မန်ယူ၊ရိုးမား တို့ကို နည်းပြခဲ့ပြီး ဆုဖလားအောင်မြင်မှုများစွာ ရှိခဲ့ပြီး ပေါ်တိုအသင်းနဲ့တောင် ချန်ပီယံလိပ်ဖလားကို ရယူနိုင်ခဲ့ပေမယ့် စပါးအသင်းကိုတော့ အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးဖို့ အခွင့်အရေးမရခဲ့ချေ။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment