Pages

Pages

ဗီနီယက်စ်က အသင်းကနေထွက်ခွာမှာ မဟုတ်ကြောင်း အန်ဆယ်လော့တီအတည်ပြု



MNP - မေ ၂၇


ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ကားလို့စ် အန်ဆယ်လော့တီက လူမျိုးရေးခွဲခြားမှုများကြောင့် အသင်းကနေ ထွက်ခွာခွင့်တောင်းဆိုထားတယ်လို့ ကောလဟလတွေ ထွက်ပေါ်ခဲ့တဲ့ ဘရားဇီးလ်လူငယ်ကြယ်ပွင့် တောင်ပံကစားသမား ဗီနီဇီယက်စ် ဂျူနီယာဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာသာ ဆက်ရှိနေမှာဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။


ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ကားလို့စ် အန်ဆယ်လော့တီက “ဗီနီဇီယက်စ် ဂျူနီယာက ထွက်ခွာဖို့ မစဉ်းစားဖူးပါဘူး၊ သူက ရီးယဲလ်မက်ဒရစ်ကို ချစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ကားလို့စ် အန်ဆယ်လော့တီက “သူ ဒီမှာ အောင်မြင်ချင်ပါတယ်၊ ဒီကလပ်အသင်းက သူ့ရဲ့အနာဂတ်ဆိုတာ ဗီနီ သိပါတယ်၊ သူ့စိတ်ကူးက ဒီမှာဆက်နေဖို့ဖြစ်ပြီး၊ သူက ရီးယဲလ်မက်ဒရစ်မှာဘဲ ဆက်ကစားချင်ပါတယ်” ထပ်လောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment