Pages

Pages

မုန်တိုင်းဘေးသတိပြုရှောင်ရှားနိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ


MNP ၊ မေ  ၉

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် လတ်တလော၌ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ကြေငြာထားသော ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူလူထုများ သတိပြုရှောင်ရှားကြစေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူစည်ကားရာနေရာဖြစ်သည့် စက်လမ်းဝလမ်းဆုံ၌ မုန်တိုင်ဘေး၊ ရေဘေး၊ လေပြင်းဘေးအသိပညာပေးလက်ကမ်းစာစောင်များကို ဌာနဆိုင်ရာတာဝန်ရှိသူများက အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။


အဆိုပါပညာပေး လက်ကမ်းစာစောင်တွင် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်မည်ဟု သတိပေးချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဥ် လိုက်နာရမည့်အချက် များ၊ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်၌ လိုက်နာရမည့်အချက်များဖော်ပြပါရှိပြီး ဒေသခံပြည်သူများနှင့် မြစ်ကမ်းဘေးနေထိုင်ကြသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြစေရန် လမ်းဆုံ၊ လမ်းဝများ၌ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ချိုမြတ်မြတ်ထွေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment