Pages

Pages

သီပေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ခြင်ဆေးဖျန်းပေးခြင်းများ ဆောင်ရွက်


MNP ၊ မေ  ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများအားလုံး ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ခြင်ဆေးဖျန်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက  အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူး ဒေါ်နန်းခင်ညွန့်လူနှင့် တပ်ဖွဲ့ဝင် များက အဆိုပါ မူလတန်းလွန်ကျောင်း၏ ကျောင်းစာသင်ခန်းများ၊ ကျောင်းပတ်ဝန်းကျင် အတွင်း၊ အပြင်၊ ရေမြောင်းများ၊ ကျောင်းသုံးအိမ်သာများ စသည့်နေရာများအားလုံးကို ခြင်မခိုအောင်နိုင်စေရန် ခြင်ဆေးများ ဖျန်းပေးခဲ့ကြောင်းနှင့် ကျန်ရှိနေသော အခြေခံပညာကျောင်းများသို့ ဆက်လက် ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲမှ သိရသည်။


ခင်လေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment