Pages

Pages

အမ်းမြို့နယ်တွင် ကျောင်းများစတင်အပ်နှံနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး





MNP ၊ မေ  ၂၄

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး လုပ်ငန်းများကို မေလ ၁၃ နေ့ နံနက်မှ စတင်ဆောင်ရွက်လျက်ရှိရာ ယ‌နေ့နံနက်ပိုင်းတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများအား မိဘအုပ်ထိန်းသူများက ကျောင်းလာရောက်အပ်နှံနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။


 အမ်းမြို့နယ်အတွင်း ကျောင်းအပ်နှံကြသူများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်၊ မြို့နယ်ပညာရေးမှူး ဦးကိုကြီးနှင့် တာဝန်ရှိသူများက KG တန်းမှ Grade 12 အထိ စနစ်တ ကျ ကျောင်းအပ်လက်ခံပေးနေမှုနှင့် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံတို့ ထောက်ပံ့ပေးနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။


 အမ်းမြို့နယ်အတွင်း‌  အ.ထ.က  (၁၁)ကျောင်း၊ အ.ထ.က(ခွဲ)(၁၁) ကျောင်း၊ အ.လ.က (၂၇)ကျောင်း ၊ အ.လ.က (ခွဲ) (၂၈)ကျောင်း၊ (မူလွန်)(၃၅)ကျောင်း၊ အ.မ.က(၆၅) ကျောင်း၊ အ.မ.က(ခွဲ)(၄၁) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃)ကျောင်းနှင့်ကိုယ်ပိုင်အထက်တန်းကျောင်း (၂)ကျောင်း စုစုပေါင်း (၂၂၃) ကျောင်းရှိရာ မေလ ၃၁ ရက်နေ့ အထိအ​​ခြေပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်း များဆောင်ရွက်ပေးမည်ဖြစ် ကြောင်း သိရသည်။


     ဆက်လက်၍ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အမှတ်(၅)စျေးတောင်ရပ်ကွက်နှင့် အမ်းတောင်အုပ်စု ပျဉ်းတောကျေးရွာများ၌ ကျန်းမာရေးဝန်ထမ်းများကဌာနဆိုင်ရာဝန်ထမ်းများနှင့်၎င်းတို့၏မိသားစုဝင်များ၊ ပြည်သူ များအား ကိုဗစ်- ၁၉ ရောဂါကာကွယ် ဆေး ထိုးနှံမှုများအားလှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment