Pages

Pages

စုကလိမြို့တွင် အစေ့ထုတ်ပြောင်းများအား ခေတ်မှီစက်ကြီးများဖြင့် စိုက်ပျိုး



MNP ၊ မေ  ၂၂

ထိုင်းနိုင်ငံနှင့်အကျိုးတူစီးပွားဖြစ်စိုက်ပျိုးသည့် အစေ့ထုတ်ပြောင်းများအား ယခုနှစ်တွင် လူအစားထိုးခေတ်မှီစက်ကြီးများဖြင့် စိုက်ပျိုးလာကြသည်။ စုကလိမြို့တွင် စိုက်ပျိုးရေးကိုသာ အဓိကထားစိုက်ပျိုးကြရာတွင်၊ အစေ့ထုတ်ပြောင်း အမျိုးအစားများဖြစ်သည့် ၅၀၈ / ၇၇ ၅၃၂၈ / ၆၂၅၃ အမျိုးအစားများ အပိုမိုစိုက်ပျိုးလာကြသည်။


လက်မှုလယ်ရာမှ စက်မှုလယ်ရာသို့အသွင်ကူးပြောင်းကြရာတွင်၊ စုကလိမြို့နေရှိ တောင်သူများအနေဖြင့် စိုက်ပျိုးမြေများအား ခေတ်မှီစက်ကြီးများဖြင့် မြေညှိထွန်ယက်ခြင်း၊ အစေ့ချစနစ်များ ပါဝင်သည့် စက်များဖြင့်  စနစ်တကျ စိုက်ပျိုးကြရာတွင် ကုန်ကျစရိတ်သက်သာမှု နှင့် အထွက်နှုန်း ကောင်းမွန်စေရေး တို့ကိုအလေးထား ဆောင်ရွက်ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment