Pages

Pages

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းစစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဋ္ဌများ တွေ့ဆုံ


MNP ၊ မေ ၂၃

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းစစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဋ္ဌများ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ငူ မြို့၊ မြို့နယ်စစ်မှုထမ်းဟောင်းရုံး၌ ပြုလုပ်ရာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်း နှင့် တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာ ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment