Pages

Pages

မာန်အောင်မြို့၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ







MNP ၊ မေ  ၃၀

ရခိုင်ပြည်နယ် တောင်ကုတ်ခရိုင် မာန်အောင်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက်၁၁နာရီက အ-ထ-က မာန်အောင် အောင်ဇေယျာခန်းမ၌ ပြုလုပ်သည်။


      အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းက အဖွင့် အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦအောင်စံကျော်က ကျောင်းအပ်နှံရေးနေ့အခမ်းအနားပြုလုပ် ရသည့်ရည်ရွယ်ချက်များနှင့်  ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


     ထို့နောက် မြို့ မိမြို့ဖ များကိုယ်စား  မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသာညွန့်က ပညာရေးနှင့်ပတ်သက်၍ လိုအပ်ချက်များကိုဆွေးနွေးတင်ပြသည်။


ယင်းနောက် မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိ သူများကဆင်းရဲနွမ်းပါးကျောင်းသား၊ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြသည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ဆရာ ၊ဆရာမများ ၊ ကျောင်းသား၊ကျောင်းသူများ( ၁၂၀)ဦးခန့်တက်ရောက်ခဲ့ကြသည်။


  မာန်အောင်မြို့နယ်တွင် အခြေခံပညာ ကျောင်းပေါင်း(၁၁၈)ကျောင်း၊ကိုယ်ပိုင်ကျောင်း(၁)ကျောင်းရှိကာ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတွက် မေလ၂၃ရက်နေ့မှ၃၁ရက်နေ့ထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းအပ်နှံလျက်ရှိရာ အခြေခံပညာကျောင်းများတွင် ယနေ့ထိ အထက်တန်း၊အလယ်တန်း၊မူလတန်းကျောင်းသား/သူ စုစုပေါင်း( ၆၂၉၀ )ဦးနှင့်ကိုယ်ပိုင်ကျောင်းတွင်(၅၉၇)ဦး၊စုစုပေါင်း(၆၈၈၇)ဦးအပ်နှံထားရှိပြီး ဇွန်လ၁ရက်နေ့တွင် ကျောင်းများ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment