Pages

Pages

ဘီးလင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာကျောင်းများ၌ ကျောင်းအပ် လက်ခံခြင်းများစတင်


MNP ၊ မေ  ၂၃

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံး၌ ကျောင်းအပ်လက်ခံခြင်းများကို ယနေ့နံနက်ပိုင်းမှ စတင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


 ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာကျောင်းအားလုံး၌ ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိကြောင်းနှင့် ကျောင်းသုံးပြဌာန်း စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံတို့ကို ကျောင်းသား၊ ကျောင်းသူတိုင်းအား နိုင်ငံတော်မှ(အခမဲ့) ထောက်ပံ့ပေးပြီး မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ၎င်းထောက်ပံ့ပစ္စည်းများအပြင် ကျောင်းဝတ်စုံ တစ်စုံစီပါထောက်ပံ့ကာ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဘီးလင်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၄၉ ကျောင်းရှိပြီး ပထမနေ့တွင် ကျောင်းသား၊ ကျောင်းသူများ လာရောက်အပ်နှံသူ အများအပြားရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment