Pages

Pages

မန္တလေးတပ်နယ် တပ်ရင်း/တပ်ဖွဲ့များရှိ မွေးကင်းစမှ အသက် ၁ နှစ် ၆ လထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေး


MNP ၊ မေ ၂၉

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေးတပ်နယ် တပ်ရင်း/တပ်ဖွဲ့များရှိ မွေးကင်းစမှ အသက် ၁ နှစ် ၆ လထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အားကစား ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ၊ ကာကွယ်ဆေး ထိုးနှံမည့် ကလေးငယ်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ နယ်မြေခံတပ်မတော် ဆေးတပ်ရင်းမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ  တက်ရောက်ကြသည်။

အဆိုပါ မွေးကင်းစမှ အသက် ၁ နှစ် ၆ လထိ ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်းများ ဆောင်ရွက်ရာတွင် နယ်မြေခံဆေးတပ်ရင်းမှ ပါရဂူများနှင့် ဆေးမှူးများက ကလေးငယ် ၁၃၅ ဦးတို့ကို ဝက်သက်၊ ဂျိုက်သိုး၊ (BCG)၊  ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင်၊ ငါးမျိုးစပ် ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် ရောဂါကာကွယ်ဆေးနှင့်  ပိုလီယိုရောဂါ ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးမှုများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်နေမှုများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ကလေးငယ် များအတွက် အာဟာရ ဖြစ်စားသောက်ဖွယ်ရာများ ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment