Pages

Pages

ကျိန္တလီမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအားကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်းပဉ္စမအကြိမ်ထိုးနှံ





MNP ၊ မေ  ၉ 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား စတုတ္ထအကြိမ်ထိုးနှံပြီးစီး၍ ခြောက်လပြည့်သူများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ကျိန္တလီမြို့ ကျန်းမာရေးဌာန၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်း ပဉ္စမအကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိသည်။


ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်​ဆေးထိုးနှံခြင်းကို စတုတ္ထအကြိမ်ထိုးနှံပြီးစီးသည့် နိုင်ငံ့ဝန်ထမ်းနှင့် မိသားစုဝင်များအား ပဉ္စမအကြိမ်အဖြစ် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းများကို စနစ်တကျဆောင်ရွက်ပေးပြီး ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။ အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို မေလ(၈)ရက်နေ့ မှ မေလ(၁၀)ရက်နေ့အထိ ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။  


ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment