Pages

Pages

နှစ်ပေါင်း ၂၀အတွင်း သြဇာအရှိဆုံးနည်းပြလို့ ဘရိုက်တန်ပဲ့ကိုင်ရှင်ကို ဂွာဒီယိုလာချီးကျူး



MNP- မေ  ၂၈


မန်ချက်စတာစီးတီးအသင်းနည်းပြ ပပ် ဂွာဒီယိုလာက ဘရိုက်တန်အသင်းနှင့် ယှဉ်ပြိုင်ကစားမယ့် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဘရိုက်တန်ကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲဝင်ခွင့်ရဆောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ ဘရိုက်တန်အသင်းနည်းပြ ရော်ဘတ်တို ဒီဇာဘီရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့သည်။


ပပ် ဂွာဒီယိုလာက ရော်ဘတ်တို ဒီဇာဘီနဲ့ပတ်သက်ပြီး"ကျွန်တော်ပြောမယ့်အရာကို အာရုံစိုက်ပါ၊ ရော်ဘတ်တို ဒီဇာဘီဟာ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း သြဇာအရှိဆုံး မန်နေဂျာတွေထဲက တစ်ယောက်လို့ ကျွန်တော်ပြောနေတာကို ယုံကြည်ပါ"လို့ ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဂွာဒီယိုလာက "ဘရိုက်တန်ဟာ ချီးကျူးမှုများနှင့် ထိုက်တန်သည်" လို့ ထပ်လောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment