Pages

Pages

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ချောင်းဆုံမြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ





MNP ၊ မေ  ၂၅

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် အတွင်းရှိ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေးအတွက် မြို့နယ်အခြေခံပညာရေးဦးစီးဌာနမှ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့ နံနက်(၉း၀၀)နာရီက ချောင်းဆုံ(အ.ထ.က)ကျောင်း သီရိရတနာ ခန်းမတွင် ကျင်းပသည်။


အခမ်းအနားကို ချောင်းဆုံ(အ.ထ.က)ကျောင်း ကျောင်းသား/ သူများမှ “ဘက်စုံပညာကိုရည် တို့လှမ်းချီ” တေးသီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားကာ မြို့နယ်ပညာရေးမှူး ဦးသိန်းဟန်းက ကျောင်းအပ်နှံရေးနေ့နှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ပြီးနောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသူဇာဝင်းက အမှာ စကား ပြောကြားခဲ့သည်။


ထိုနောက် မြို့နယ်အတွင်းရှိ အခြေခံပညာ(ထက်၊လယ်မူ) ကျောင်းများအတွက် ကျောင်းသုံး ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့်ကျောင်းဝတ်စုံများကို တာဝန်ရှိသူများမှ အသီးသီးပေးအပ်ခဲ့ကြပြီး ချောင်းဆုံ(အ.ထ.က)ကျောင်းသား/ သူများမှ ပြည်မြန်မာ တေးသီချင်း ဖြင့် သီဆို၍ အခမ်းအနားရုပ်သိမ်းလိုက်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost 




No comments:

Post a Comment