Pages

Pages

ဗိုလ်မှူးချုပ်ကျော်ကျော်သန်းနှင့်တာဝန်ရှိသူများ သံတွဲမြို့အတွင်းရှိ သာသနိကအဆောက်အအုံများနှင့် ကျောင်းအပ်နှံနေမှုတို့အားကြည့်ရှုစစ်ဆေး






MNP ၊ မေ  ၂၆

      အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက် ၁၁း၄၅နာရီက သံတွဲမြို့ အံတော်ကျေးရွာ မဟာအောင်မြေကျောင်းသို့ရောက်ရှိပြီး ဆရာတော်ဦးကောသလ္လအား ဖူးမြော်ကြည်ညို၍ ဆွမ်းဆန်တော်၊ ဆီနှင့် အမိုးသွပ်ပြား အချပ်(၂၀)တို့ကိုဆက်ကပ် လှူဒါန်းကာ သာသနိကအဆောက် အအုံများ ပျက်စီးဆုံးရှုံးမှုရှိမရှိ အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ငပလီမြို့ တပ်ဦးဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး ဆွမ်းဆန်တော်နှင့်ဆီများ ဆက်ကပ် လှူဒါန်းခဲ့သည်။


၎င်းနောက် ငပလီမူလွန်ကျောင်းနှင့် သံတွဲမြို့အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းအပ်နှံရေးသီတင်းပတ် ကျောင်းသား၊ ကျောင်းသူလေးများ ကျောင်အပ်နှံမှုနှင့် ကျောင်းဝတ်စုံ ၊ ကျောင်းသုံးစာအုပ်များ အခမဲ့ထောက်ပံ့ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment