Pages

Pages

ဂွမြို့နယ်တွင် မုန်တိုင်းခိုလုံရာနေရာသို့ ပြောင်ရွှေ့နိုင်ရေး ကြိုတင်ပြင်ဆင်မှုများအား မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေး





MNP ၊ မေ  ၁၀

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌  သက်ကြီးရွယ်အိုဘိုးဘွားများ၊ကလေးသူငယ်များနှင့် ပြည်သူများအား မုန်တိုင်းခိုလုံရာနေရာနေရာများတွင်  အဆင်ပြေ ချောမွေ့စွာ ပြောင်းရွှေ့နိုင်ရေး အတွက် စာသင်ကျောင်းများတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  ယမန်နေ့ ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဇာနည်ကျော်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့်  ရပ်ကွက်နှင့် ကျေးရွာများ အတွင်းရှိ သက်ကြီးရွယ်အို ဘိုးဘွားများ၊ ကလေးသူငယ်များနှင့် ပြည်သူများသည် မုန်တိုင်း အန္တရာယ်ကျရောက်လာပါက မိမိတို့နှင့် နီးစပ်ရာ စာသင် ကျောင်းများ(သို့မဟုတ်) ဘုန်းတော်ကြီးကျောင်းသို့ အဆင်ပြေချောမွေ့စွာ ပြောင်းရွှေ့နိုင်ရေးနှင့် လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ကြိုတင်ပြင်ဆင်  ဆောင်ရွက်လျက်ရှိသည်။ 


 ဂွမြို့နယ်အနေဖြင့် မုန်တိုင်းအန္တရာယ် ကျရောက် လာပါက လုံခြုံစိတ်ချစွာ  ပြောင်းရွှေ့ နေထိုင်နိုင်ရေးအတွက် ရပ်ကွက်/ အုပ်စုကျေးရွာများတွင် မုန်တိုင်းခိုလုံရာနေရာ (၁၁)နေရာအား  ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment