MNP ၊ မတ် ၂၇
ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ရောက်ရှိနေသော ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မေ ၂၇ ရက် နေ့လည် ၁၂ နာရီက ဗန်းမော်မြို့၊ တာမိုင်းလုံကျေးရွာ၊ ဓမ္မာရုံ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ရေးကော်မတီများ၊ တောင်သူများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးခက်ထိန်နန် က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မိတ်ဆက်စကား ပြောကြားခဲ့သည်။
ယင်းနောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်သော ကျေးရွာနေ တောင်သူများက လိုအပ်ချက်များ တင်ပြခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာနက ပေးအပ်သည့် ဆင်းဧကရီ-၃ စီးပွားဖြစ်မျိုးသန့်မျိုးစေ့အိတ်များ တာဝန်ရှိသူများက တောင်သူများအား ပေးအပျခဲ့ပွီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
တာမိုင်းလုံကျေးရွာတွင် စိုက်ပျိုးဧက (၂၁၃၈)ဧက ရှိပြီး တာမိုင်းလုံ၊ ဟဲလုံသစ် စသည့် ကျေးရွာများမှ စိုက်ပျိုးသီးနှံများအား မြို့ပေါ်သို့ အဆင်ပြေချောမွေ့စွာ သယ်ယူနိုင်ရေး၊ ဒေသစီးပွားမြှင့်တင်တိုးတက်စေရေးအတွက် ကျောက်ချောကုန်ထုတ်လမ်းနှင့် ကုန်ထုတ်တံတား အဓိက လိုအပ်လျက်ရှိကြောင်း သိရသည်။
#MyanmarNationalPost





No comments:
Post a Comment