ဗိုလ်ချုပ်စိုနိုင်ဦး ကနဦးလိုအပ်ချက်စာရင်းကောက်ယူရေး ၊ပျက်စီးဆုံးရှုံးမှုအတည်ပြု‌ရေးနှင့် ဆန်းစစ်ဖေါ်ထုတ်ရေး ကွင်းဆင်းစာရင်းကောက်အဖွဲ့ဝင်များနှင့် တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗိုလ်ချုပ်စိုနိုင်ဦး ကနဦးလိုအပ်ချက်စာရင်းကောက်ယူရေး ၊ပျက်စီးဆုံးရှုံးမှုအတည်ပြု‌ရေးနှင့် ဆန်းစစ်ဖေါ်ထုတ်ရေး ကွင်းဆင်းစာရင်းကောက်အဖွဲ့ဝင်များနှင့် တွေ့ဆုံ





MNP ၊ မေ  ၂၉

လေဘေးသင့်ကျေးရွာများအားပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ရန် ရောက်ရှိ နေသော ဗိုလ်ချုပ်စိုးနိုင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများသည် သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမသို့ ရောက်ရှိပြီး ကနဦးလိုအပ်ချက် စာရင်းကောက်ယူရေး ၊ပျက်စီးဆုံးရှုံးမှုအတည်ပြု‌ရေးနှင့် ဆန်းစစ်ဖေါ်ထုတ်ရေး ကွင်းဆင်းစာရင်းကောက် အဖွဲ့ဝင်များနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့သည်။


ထိုသို့ပြောကြားရာတွင် အင်အားပြင်း “ မိုခါ”မုန်တိုင်း တိုက်ခတ်မှုကြောင့် သံတွဲခရိုင်အတွင်း ပျက်စီးဆုံးရှုံးခဲ့သည့် ပညာရေး၊ ကျန်းမာရေး ၊ သာသနိကအဆောက်အအုံများ၊ နိုင်ငံတော်ပိုင်အဆောက်အဦးများ၊ လူနေအိမ်များ၊ လမ်းတံတား၊ဆက်သွယ်ရေး၊လျှပ်စစ်မီး ဆိုင်ရာကိစ္စရပ်များအတွက် စာရင်းကောက်ယူ၍  စာရင်း ဇယားများနှင့် တန်ဖိုးတွက်ချက်မှု ဆိုင်ရာများ တိကျမှန်ကန်မှုရှိစေရေးအတွက် သက်ဆိုင်ရာ ကော်မတီများနှင့် ပူးပေါင်း၍ အလေးထားဆောင်ရွက်ကြရန် နှင့် ပြန်လည်တည်ဆောက်ရေး  လုပ်ငန်းများတွင် လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး အလေးထားဂရုပြုဆောင်ရွက်ကြရန် မှာကြားခဲ့သည်။


ထို့နောက် သံတွဲခရိုင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးဦးကျော်လှိုင်က ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကိုရှင်းလင်းတင်ပြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ က စာရင်းဇယားများနှင့်တန်ဖိုးတွက်ချက်မှုများ စာရင်းကွဲလွဲမှုမဖြစ်ပေါ်စေရေးနှင့်စနစ်တကျ အမြန်ဆုံးပြီးစီးနိုင်ရေးတို့ကိုဆွေးနွေးမှာကြားခဲ့ကြောင်းသိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)