Pages

Pages

စစ်တွေ-ရန်ကုန် ပြည်ထောင်စုလမ်းမကြီးဘေးရှိ ဂူဝဘုရားအနီးတွင် စတူပါစေတီဘုရား ၅ ဆူ တူးဖော်တွေ့ရှိ





MNP ၊ မေ  ၂၇

      ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ရန်ကုန်ပြည်ထောင်စုလမ်းမကြီးဘေးရှိ ဂူဝဘုရား၏ မြောက်ဖက်(၄)ဖာလုံခန့်အကွာတွင် ယမန်နေ့၊ ညနေ(၅)နာရီအချိန်ခန့်က မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ပြိုလဲကျိုးကျနေ့သည့် သစ်ပင်ကြီးများအား မြေတူးစက်(Backhole)ဖြင့် တူးဖော်ရှင်းလင်းနေစဉ် စတုပါ စေတီဘုရား(၅)ဆူ တွေ့ရှိခဲ့ကြောင်း သိရသည်။


     အဆိုပါစေတီမှာ အမြင့်(၃)ပေရှိ စတူပါစေတီ(၁)ဆူနှင့် အမြင့်(၂)ပေရှိ စတူပါ စေတီဘုရား(၄)ဆူ၊ စုစုပေါင်း စတူပါစေတီ(၅)ဆူ၏ အောက်ခြေပလ္လင်ပေါ်တွင် ကျောက်စာ အချို့ပါရှိကြောင်း ပုဏ္ဏားကျွန်းမြို့ ရွာဟောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းမှ ယနေ့၊ နံနက်(၁၁)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းထံသို့ တင်ပြလာ၍ သွားရောက်ကြည့်ရှု ဖူးမျှော်ခဲ့ပြီး၊ ၎င်းစတူပါစေတီ(၅)ဆုအား ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက်၊ မြို့မပရိယတ္တိဘုန်းတော်ကြီးကျောင်း တိုက်သို့ ပင့်ဆောင်၍ ခေတ္တ သိမ်းဆည်းကာ အပူဇော်ခံလျက်ရှိကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment