ပုဏ္ဏားကျွန်းမြို့နယ်၌ တောင်သူပညာပေးဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်၌ တောင်သူပညာပေးဆွေးနွေးပွဲကျင်းပ



MNP ၊ မေ  ၉

  ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ တောင်သူပညာပေးဆွေး နွေးပွဲကို ယမန်နေ့၊ နေ့လည်ပိုင်းက ကွန်းတောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။


ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော်က တောင်သူများအကျိုးဖြစ် ထွန်းစေရေးအတွက် စိုက်ပျိုးရေးနည်းပညာသင်တန်းများ ဖွင့်လှစ် ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထိုနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မျိုးစပါးမျိုးစေ့ထုတ်လုပ်နည်းပညာ၊ ဘက်စုံပိုးမွှားများ ကာကွယ်နှိမ်နင်းခြင်း နည်းပညာ၊ မြေဆီလွှာထိန်းသိမ်းနည်းပညာနှင့်နေကြာဆီထွက်သီးနှံ အထွက်တိုး စိုက်ပျိုး နည်းပညာတို့ကို သင်ကြားပို့ချပေးခဲ့သည်။


အဆိုပါဆွေးနွေးပွဲသို့ ဒေသခံတောင်သူ ၅၀ ဦးတက်ရောက်ခဲ့ကြပြီး၊ တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ပြန်လည် ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)