Pages

Pages

ကျောင်းကုန်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေးပေး


MNP ၊ မေ  ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉း၃၀ နာရီအချိန်ခန့်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ် ကျောင်းကုန်းမြို့နယ်ဘဏ်ခွဲမှ သစ်ဆိမ့်ကုန်းကျေးရွာအုပ်စုရှိ တောင်သူ (၈၆)ဦး၏ လယ်မြေဧက(၅၅၆)ဧကအတွက် ငွေကျပ် (၈၃၄)သိန်း၊ ဇီးငူကျေးရွာအုပ်စုရှိ တောင်သူ (၆၃)ဦး၏ လယ်မြေဧက(၄၄၉) ဧက အတွက်(၆၇၃.၅)သိန်း၊ မိုးပြာအရှေ့ကျေးရွာ အုပ်စုရှိ တောင်သူ(၂၆)ဦး၏ လယ်မြေဧက (၁၇၄)ဧကအတွက်(၂၆၁)သိန်း၊ စုစုပေါင်းတောင်သူ(၁၇၅))ဦး၏ လယ်မြေဧက (၁၁၇၉) ဧကအတွက် တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် ချေးငွေ ကျပ်သိန်းပေါင်း (၁၇၆၈.၅၀) သိန်းကို တောင်သူများလက်ဝယ်သို့ ထုတ်ချေးပေးခဲ့ကြသည်။


အခမ်းအနားသို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)မှ အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦး၊ လက်ထောက်အထွေထွေမန်နေဂျာ ဦးမိုးဟိန်း၊ ဧရာဝတီတိုင်းဒေသကြီး ဘဏ်ခွဲ ဒုတိုင်းမန်နေဂျာ ဒေါ်မိုးမိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မြို့နယ်မန်နေဂျာ ဦးဝေလင်းနှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်းနှင့် ၂၀၂၂ ခုနှစ် မိုးစပါးကြွေးပြေကျေသူများနှင့် ကြွေးဟောင်း ပြေကြေသူများကိုလည်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က သိရသည်။


ဝင်းကြိုင်

 https://t.me/MyanmarNationalPost





No comments:

Post a Comment