Pages

Pages

ရွှေတောင်မြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ






MNP ၊ မေ  ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထကရွှေတောင် ရတနာခန်းမ၌ ယနေ့နံနက် ၉း၀၀နာရီက၂၀၂၃ - ၂၀၂၄ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပခဲ့သည်။


       အခမ်းအနားတွင် အ-ထ-က ရွှေတောင် ကျောင်းသား ၊ကျောင်းသူလေးများက "မြန်မာ့ကျောင်း "သီချင်းဖြင့်ဂုဏ်ပြုသီဆို၍အခမ်းအနားဖွင့်လှစ်ပြီးဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်မြေစည်းရုံးရေးမှူးဗိုလ်မှူးကြီးကျော်ကျော်လင်းမှအဖွင့်မိတ်ဆက်စကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားသည်။


      ဆက်လက်၍ ရွှေတောင်မြို့နယ် ပညာရေးမှူး ဦးကျော်ဦးက ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် နိုင်ငံတော်မှအခမဲ့ထောက်ပံ့သော ကျောင်းသုံးပုံနှိပ်များ၊ ဗလာစာအုပ်များ၊ကျောင်းဝတ်စုံများ၊ခဲတံနှင့်ဘောပင်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး အထကရွှေတောင် ကျောင်းသား ၊ကျောင်းသူလေးများက "ပြည်မြန်မာ"သီချင်းဖြင့်ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment