Pages

Pages

ကြည့်မြင်တိုင်မြို့နယ်၌ မုန်တိုင်း​ဘေးအန္တရာယ်ကြိုတင်ကာကွယ်​ရေး လေ့ကျင့်​ဆောင်ရွက်နေမှုအား ကြည့်ရှုအား​ပေး


MNP ၊ မေ  ၉

ရန်ကုန်တိုင်း​ဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းရှိ မြို့နယ်မီးသတ်စခန်း၌ မုန်တိုင်း​ဘေးအန္တရာယ်ကြိုတင်ကာကွယ်​ရေး စုဖွဲ့လေ့ကျင့်​ဆောင်ရွက်နေမှုအား ယမန်​နေ့နံနက် ၇ နာရီအချိန်က ဇာတ်တိုက်​လေ့ကျင့်​ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထိုသို့ မုန်တိုင်း​ဘေးအန္တရာယ်ကြိုတင်ကာကွယ်​ရေး ဇာတ်တိုက်​လေ့ကျင့် ဆောင်ရွက်ရာသို့  မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးညီညီနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးဦးကျော်စိုးမိုး၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများနှင့်အဖွဲ့ဝင်များက ကြည့်ရှုအား​ပေးခဲ့​ကြောင်း သိရသည်။


အဆိုပါ လေ့ကျင့်​ဆောင်ရွက်​နေမှုကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုလတ်ဦး​ဆောင်​သော သန္ဓေတပ်ဖွဲ့ဝင်(၁၂)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၈)ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်(၅)ဦး၊ ပရဟိတအဖွဲ့ဝင်(၁၀)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ သစ်ပင်များခုတ်ထွင်ရှင်းလင်းခြင်းစသည့် လုပ်ငန်းအဆင့်ဆင့်ကို လူနှင့်အသက်ကယ်ပစ္စည်းများ အသုံးပြု၍ ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


ခိုင်ဇာလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment