Pages

Pages

ကျောက်ဖြူမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ





MNP ၊ မေ  ၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့တွင်   မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်း မှစတင်၍မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံးတွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။ 


 ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဌာနမှဝန်ထမ်းများက ကျောက်ဖြူမြို့ပေါ်ရပ် ကွက်များရှိ (၆)လမှ (၅)နှစ်ထိကလေးငယ်များအား ဗီတာမင်(A)ဆေးတိုက်ကျွေးခြင်း၊ မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး အစရှိသည့် ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ အား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေးတို့ကို  ထိုးနှံပေးသည်။


ကျောက်ဖြူမြို့နယ်၌ အဆိုပါကာကွယ်ဆေးအား မြို့ပေါ်ရပ်ကွက်များရှိ   မွေးကင်းစမှ အသက် (၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ ပြီး (၈-၅-၂၀၂၃) ရက်နေ့မှ (၁၀-၅-၂၀၂၃)ရက်နေ့ထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment