Pages

Pages

ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌​​​ ကမ္ဘာ့ကြက်​ခြေနီ​နေ့အထိမ်းအမှတ်အသိပညာပေး Talk Show ကျင်းပ


MNP ၊ မေ  ၉

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ​ကမ္ဘာ့ကြက်​‌ခြေနီနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယမန်​နေ့ မွန်းလွဲ ၁ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြည့်မြင်တိုင်မြို့နယ်ရုံးမှ ဒေါ်ခိုင်ဇာလင်းနှင့် ကြည့်မြင်တိုင်မြို့နယ် ကြက်​ခြေနီအသင်း အတွင်း​ရေးမှူး မြို့နယ်ကြက်​ခြေနီတပ်ဖွဲ့မှူး ဦးခိုင်မြတ်တို့က ကမ္ဘာ့ကြက်​ခြေနီ​နေ့ဖြစ်​ပေါ်လာပုံ၊ ကမ္ဘာ့ကြက်​ခြေနီဖခင်ကြီး အဖြစ်တင်စား​ခေါ်​ဝေါ်ခဲ့သည့် ဆွမ်ဇလန်နိုင်ငံသား မစ္စတာဟန်နရီဒူးနန့်၏​ ဆောင်ရွက်ချက်များ၊ ကမ္ဘာ့ကြက်​ခြေနီ​နေ့၌ ကြက်​ခြေနီအသင်းဝင်နိုင်ငံ​တွေမှာ ကြက်​ခြေနီအသင်းဝင်များ၏​ဆောင်ရွက်ချက်များ၊ ကြက်​ခြေနီအသင်းဝင်များ၏ ရည်ရွယ်ချက်၊၂၀၂၃ခုနှစ်အတွက်​​ဆောင်ပုဒ်၏အနှစ်သာရများ၊ မြို့နယ်ကြက်​ခြေနီအသင်းလှုပ်ရှား​ဆောင်ရွက်မှုများကို  ဗဟုသုတဖြစ်​စေရန်ဆွေးနွေးခဲ့ကြသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အနေဖြင့် ပြည်သူများဗဟုသုတရရှိအောင် အသိပညာပေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ခိုင်ဇာလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment