Pages

Pages

ကျိန္တလီမြို့ Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Women Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်




MNP ၊ မေ  ၂၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာပေချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်း၍ စာရေးဆရာ ပုညခင်၏ “အောင်မြင်မှု၊ ဘဝနှင့် ချစ်ခြင်းမေတ္တာ အတွေးစာစုများ” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နေ့လည်ပိုင်းက စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။


အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ကျိန္တလီမြို့အတွင်းရှိ ပြည်သူများအနေဖြင့် စာဖတ်ရှိန်မြင့်မားလာစေရန်၊ စာပေမှဗဟုသုတများရရှိစေရန်၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း (Women Club) အဖွဲ့ဝင် ဒေါ်နွေဦးဆွေမှ ဦးဆောင်၍ စာရေးဆရာ ပုညခင် ရေးသားထားသော လူကြီးနှင့်လူငယ်၊ ခံယူချက်နှင့်နာကျင်မှု၊ စိတ်သန့်ရှင်းရေး၊ ကျောက်ဆောင်လိုနေတတ်ပါစေ၊ အောင်မြင်သက်ရဲ့လျှို့ဝှက်ချက်၊ အောင်မြင်မှုနှင့်ကျော်ကြားမှု၊ အောင်မြင်မှုနှင့်စိတ်သဘောထား၊ လမ်းဖောက်သူနှင့်လမ်းလျှောက်သူ စသည့်အကြောင်းအရာများဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။


ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment