ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ အခြေခံကဗျာရေးနည်းသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ အခြေခံကဗျာရေးနည်းသင်တန်းဖွင့်လှစ်





MNP ၊ မေ  ၉

ပဲခူးတိုင်းဒေသကြီး၊  ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌  စာပေချစ်မြတ်နိုးသူများအသင်း ( Book Club) နှင့်ပူးပေါင်း၍ အခြေခံကဗျာရေးနည်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။


        ရှေးဦးစွာစာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဆရာမကြီး ဒေါ်ခင်ယုနိုင်က အဖွင့်အမှာစကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေတောင်မြို့နယ်ရုံးမှ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က သင်တန်း ဖွင့်လှစ် ရခြင်းနှင့်ပတ်သက်၍ မျိုးဆက်သစ်ကျောင်းသားကျောင်းသူ လူငယ်များ မြန်မာစာပေကို ပိုမိုချစ်မြတ်နိုး တန်ဖိုးထားတတ်စေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း  ရှင်းလင်းပြောကြားခဲ့သည်။ 


     အဆိုပါ အခြေခံကဗျာရေးနည်းသင်တန်းတွင် နည်းပြဆရာများအဖြစ် ဒေါ်ခင်ယုနိုင် အေပရယ်ယုနိုင် -ရွှေတောင်၊ ဦးမြင့်ဦး မိတ္တ ရွှေတောင်နှင့် ဒေါ်မြတ်နွယ် April Moon တို့က အခြေခံကဗျာရေးသားနည်းသင်ခန်းစာများအနက် သံပေါက်ကဗျာရေးစပ်နည်း၊ လေးလုံးစပ်လင်္ကာရေးသားနည်းနှင့် ကလေးကဗျာရေးသားနည်း စသည်များကို သင်ကြားပို့ချ‌သွားမည်ဖြစ်ပြီး  ကျောင်းသား၊ ကျောင်းသူ(၂၅) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ (၃)ရက်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရ သည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)