Pages

Pages

ကန့်ဘလူမြို့နယ်၊ ချင်မြစ်ကျင်းကျေးရွာတွင် ပြည်သူ့စစ်ဖွဲ့စည်းကာ KIA/PDF အကြမ်းဖက်အန္တရာယ် ကာကွယ်နိုင်ရေး ဆရာတော်ဦးဝါသဝ သွားရောက် ဆွေးနွေး







MNP ၊ မေ ၂၉

ကန့်ဘလူမြို့နယ်၊ ချင်မြစ်ကျင်းကျေးရွာတွင် ပြည်သူ့စစ်ဖွဲ့စည်းကာ KIA/PDF အကြမ်းဖက်အန္တရာယ် ကာကွယ်နိုင်ရေး ယနေ့ နံနက်ပိုင်းက ဆရာတော်ဦးဝါသဝ နှင့် အဖွဲ့ က သွားရောက်ဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဆရာတော်ဦးဝါသဝ (ငါးရာငါးဆယ်ဆရာတော်) က ရပ်ရွာညီညွတ်ချမ်းသာရေး ဗုဒ္ဓဘာသာဝင်ရော အစ္စလာမ်ဘာသာဝင်ရော မိမိကျေးရွာကို KIA/PDF အကြမ်းဖက်ဘေးရန်အန္တရာယ် မကျရောက်စေရန် ပူးပေါင်းကာကွယ်ကြရမည်ဖြစ်ကြောင်း၊ ကျေးရွာသူ/သားများ၏ လိုအပ်ချက်များကို လိုအပ်သလို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဥပဒေကို ချိုးဖောက်၍ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေသူများကို အားပေးထောက်ခံခြင်း မပြုသင့်ကြောင်း၊ အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် မိမိတို့ဒေသမှာ ဖြစ်ပေါ်နေသည့် အခြေအနေကို သိရှိနားလည်သင့်ပြီ ဖြစ်ကြောင်း၊ အကြမ်းဖက်ဘေးအန္တရာယ်ကို ပြည်သူ့စစ်ဖွဲ့စည်း၍ ဥပဒေဘောင်အတွင်းကနေ ကာကွယ်ကြရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှမြို့နယ်များတွင် ဆရာတော်ဦးဝါသဝအနေဖြင့် KIA/PDF အကြမ်းဖက်ဘေးအန္တရာယ်ကို ကာကွယ်နိုင်ရေး ပြည်သူ့စစ်အဖွဲ့များ လိုက်လံဖွဲ့စည်းဆောက်ရွက်ပေးလျက်ရှိပြီး အကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်ရေးသားလျက်ရှိသည့် BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit Media, Myanamr Now အစရှိသော ပြည်ဖျက်မီဒီယာများက ဆရာတော်အပေါ် ပြည်သူအများက အရိုအသေကင်းမဲ့စေရန် လုပ်ကြံဖန်တီး ရေးသားဖော်ပြမှုများအပြင် ဆရာတော်ဦးဝါသဝ ကို လုပ်ကြံသတ်ဖြတ်ရန်အထိ ဖန်တီးရေးသားလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြသည်။


#MyanmarNationalPost


No comments:

Post a Comment