Pages

Pages

မိုင်းခတ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign ပြုလုပ်


MNP ၊ မေ  ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB(1.16)(Arcturus) ရောဂါကာကွယ်ရေး Mask Campaign ကို ယနေ့နံနက် (၇) နာရီအချိန်က မြို့မစျေးနှင့် လူစည်ကားရာနေရာများ၌ ပြုလုပ်ခဲ့ကြသည်။


အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မိုင်းခတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးအောင်မြင့်ဦး၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးအားဝေ၊ မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ မိုင်းခတ်မြို့၊ မြို့မစျေး အတွင်း၊ အပြင်ရှိ ဈေး‌ဆိုင်ခန်းများနှင့် လူစည်ကားရာ နေရာများတို့တွင် Mask တပ်ဆင်ထားခြင်းမရှိသူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment