MNP ၊ မေ ၂၈
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရန် တပ်မတော်(ရေ)မှ ၂၉ မီတာကမ်းထိုးရေ ယာဉ်ပထမအစီးသည် ရေတုန်ကင် ၇၀ လုံး၊ ကျောင်းစိမ်းဝတ်စုံအထုပ်ကြီး ၁၃ ထုပ်၊ ထောက်ပံ့ပစည်းစုံ ၃၆ ထုပ်၊ ရေသန့်ဆေးပြား ၁၉၈ ဖာ၊ ၅၂ ဂါလံ(ဒီဇယ်) ပေပါ ၇၀ လုံး၊ ကယ်ဆယ်ရေး ကော်ပုံးကြီး ၂၄ ပုံး၊ မိုးကာစ ၂၄ ထုပ်၊ မိုးကာတဲငုတ်များ၊ အခြေခံလူသုံးကုန်ပစ္စည်းများ စုစုပေါင်းကုန်တန်ချိန် ၂၄ တန်တို့အား ရေချမ်းပြင်ကမ်းထိုးရပ်၌ တင်ဆောင်၍ ရသေ့တောင်နှင့် ဘူးသီးတောင် ကမ်းထိုးရပ်များသို့လည်းကောင်း၊ ၂၉ မီတာ ကမ်းထိုးရေယာဉ်ဒုတိယအစီးသည် MV.Sunshine ရေယာဉ်မှ သွား တိုက်တံ ၂၃၀၀ ချောင်း၊ သွားတိုက်ဆေး(၂၅)ဂရမ် ၆,၀၀၀ ဘူး၊ သွားတိုက်ဆေး (၇၅)ဂရမ် ၆,၀၀၀ ဘူး၊ ၂၀ လီတာရေသန့်ဘူးခွံ ၅၀ လုံး၊ MV.Forture ရေယာဉ်မှ သွပ် ၅,၀၀၀ ချပ်၊ သွပ်သံ ၂၁၆ ဖာ၊ မိုးကာတဲ ၂၀ ခု၊ ဆန် ၁၅၀ အိတ်၊ ဆီ ၂၂၅ ပိဿာ၊ ဆား ၄၅ ပိဿာ၊ ပဲ ၄၅၀ ပိဿာ၊ ခေါက်ဆွဲခြောက် ၆၀၀ ဖာ၊ ရေသန့် ၆၅၀ ကဒ်၊ အဝတ်အထည် အထုပ်ကြီး ၁၀ ထုပ်နှင့် အိန္ဒိယနိုင်ငံမှထောက်ပံ့သည့် တာပေါ်လင် ၅၂ လိတ် စုစုပေါင်း ကုန်တန်ချိန်(၅၇)တန်တို့အား တင်ဆောင်၍ စစ်တွေမှ ပုဏ္ဏားကျွန်းကမ်းထိုးရပ်သို့လည်းကောင်း ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ပေးသည်။
အလားတူ ယနေ့ မွန်းလွဲပိုင်းတွင် ၂၉ မီတာ ကမ်းထိုးရေယာဉ် တတိယအစီးသည် တာပေါ်လင် ၁၀၀ လိတ်၊ သွားတိုက်တံ ၂၃၀၀ ချောင်း၊ သွားတိုက်ဆေး (၂၅ ဂရမ်) ၂၁၆၀ ဘူး၊ သွားတိုက်ဆေး (၇၅ ဂရမ်) ၂၁၀၀ ဘူး၊ အဝတ်အထည် အထုပ်ကြီး ၁၂ ထုပ် စုစုပေါင်းကုန်တန်ချိန် ၁၀ တန်တို့အား စစ်တွေမြို့ ESSAR တံတား၌ တင်ဆောင်၍ ရေချမ်းပြင် ကမ်းထိုးရပ်သို့ လည်းကောင်း၊ ၂၉ မီတာ ကမ်းထိုးရေယာဉ်စတုတ္ထအစီးသည် သစ် ၁၀.၅ တန်၊ ရေပုံး ၆၈ ပုံး၊ LED မီးလုံး ၄၇၃ လုံး၊ ဆန် ၂၀၀ အိတ်၊ ဆီ ၃ဝဝ ပိဿာ၊ ဆား ၆၀ ပိဿာ၊ ပဲ ၉၀၀ ပိဿာ၊ ရေသန့် ၈၇၅ ကဒ် စုစုပေါင်းကုန်တန်ချိန် ၂၉.၅ တန်တို့အား လည်းကောင်း၊ ၂၉ မီတာ ကမ်းထိုးရေယာဉ်ပဉ္စမအစီးသည် သွားတိုက်ဆေး (၂၅)ဂရမ် ၆,၀၀၀ ဘူး၊ သွားတိုက်ဆေး (၇၅)ဂရမ် ၆,၀၀၀ ဘူး၊ သွားတိုက်တံ ၂,၃၀၀ ချောင်း၊ ၊ လီတာ ရေသန့်ဘူးခွံ ၅၀ လုံး၊ သွပ်သံ ၂၁၆ ထုပ်၊ မိုးကာတဲ ၂၀ ထုပ်၊ တာပေါ်လင် ၅၀ လိတ်၊ သွပ် ၅၀၀၀ ချပ်၊ ခေါက်ဆွဲခြောက်ထုပ် ၁၇၆ ဖာ၊ Shelter repair kit ၃၇ ထုပ်၊ ကြက်ဥ ၅,၆၀၀ လုံး၊ အဝတ်အထည်အထပ်ကြီး ၂၅ ထုပ်၊ ရေတုံကင် ၂၀ စုံ၊ အိန္ဒိယနိုင်ငံမှထောက်ပံ့သည့် တာပေါ်လင် ၅၂ လိတ် စုစုပေါင်း ကုန်တန်ချိန် ၅၇ တန်တို့အားလည်းကောင်း စစ်တွေမြို့ Essar တံတား၌ တင်ဆောင်၍ ကျောက်တော် ကမ်းထိုးရပ်သို့ ပို့ဆောင်ပေးခဲ့ပါသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော MCL ကုမ္ပဏီ ပိုင် အလျှား ၂၄၀ ပေ၊ အနံ ၆၀ ပေ၊ ရေစူး ၁၃ ပေ၊ စုစုပေါင်း ၃၂၀၀. မတ်ထရစ် တန် တင်ဆောင် နိုင်သည့် MCL.3 ရေယာဉ်သည် ရခိုင်ဒေသလေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းမျိုးစုံဖြစ်သည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ပစ္စည်း စီမံရေးဌာန(ရန်ကုန်)မှ 220 KV Tower. members တစ်စုံ ၆၀ တန်၊ ၁၅ မီတာ ကွန်ကရစ်တိုင် ၁၀၆ တိုင် ၁၉၂ တန်၊ ၁၈ မီတာကွန်ဿရစ်တိုင် ၅၀ တိုင် ၁၁၀ တန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ သွပ်သံ ၄၀ ဖာ၊ အိမ်ရိုက်သံ ၆၈ ဖာ၊ သွပ် ၆၀၀၀ ချပ်၊ ခေါင်အုပ် ၈၀၀ ချပ်၊၂ လက္မသွပ်သံ ၂၀ ဖာ၊ မြန်မာ့သစ်လုပ်ငန်းမှ သစ်ခွဲသားဆိုဒ်စုံ ၃၃၅ တန်၊ မြန်မာ့ဆက်သွယ်ရေးမှ တာဝါ(၆၀)မီတာတစ်စုံ ၁၄ တန်၊ ကွန်ကရစ်တိုင် ၃၀၀ လုံး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆန်အိတ် ၆၂၆၀ အိတ်၊ ရေသန့် ၆၀၀ ကဒ်၊ ခေါက်ဆွဲခြောက် ၄၀၀ ဖာ၊ရွက်ဖျင်တဲ ၂၀ ခု၊ ဆေးပေါင်းစုံ ၁၄၉၀ ဘူး၊ ဘီစကစ် ၁၆၁ ဘူး၊ ကယ်ဆယ်ရေး အရေးပေါ်အိတ် ၅ဝ ခု၊ တာပေါ်လင် ၂၈၀ ထုပ်၊ မီးဖိုချောင်သုံးပစ္စည်း ၅၂ ဖာ၊ လက်သမားအိတ် ၂၁၀ ခု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ထွန်စက်နှင့်ဆက်စပ်ပစ္စည်း ၃၃ လုံး၊ ချောဆီ ၃ ပေပါ၊ ရွှေသံလွင်ကုမ္ပဏီမှ ဆီ ၁၀ ပိဿ ၆၀ ပုံး၊ မြေပဲ ၂ အိတ်၊ ထမင်းချက်အိုး ၅၀ လုံး၊ အိမ်ရိုက်သံ ၃၀ ဖာ စုစုပေါင်း ၁၄၅၃.၅၆ မက်ထရစ်တန် တင်ဆောင်၍ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သိရှိရသည်။
အဆိုပါ စစ်ရေယာဉ်များနှင့် MCL ကုမ္ပဏီပိုင် MV- MCL 3 ရေယာဉ်တို့ဖြင့် သယ်ဆောင်လာသည့် စားသောက်ကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ယာဉ်များနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများအား တာဝန်ရှိသူများထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
#MyanmarNationalPost

No comments:
Post a Comment