PDF၊ ပကဖ အကြမ်းဖက်အဖွဲ့များ ကျေးရွာအတွင်း အခြေနေထိုင်လျက်ရှိ (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF၊ ပကဖ အကြမ်းဖက်အဖွဲ့များ ကျေးရွာအတွင်း အခြေနေထိုင်လျက်ရှိ (အိတ်ဖွင့်ပေးစာ)



စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ဖလံချိုင်ကျေးရွာအုပ်စု၊ သရက်ခေါင်းကျေးရွာတွင် တပ်မတော်မှ နိုင်ငံတော်အာဏာကို ခေတ္တထိမ်းပြီးနောက်ပိုင်း ကျေးရွာအတွင်းမှ KIA လက်နက်ကိုင်နယ်မြေအတွင်း အကြမ်းဖက်သင်တန်းများတက်ရောက်ခဲ့ကြသော ကျေးရွာသားများဖြစ်သော မျိုးလွင်(ဘ)ဦးတင်သန်း၊ ကျော်သိန်း(ဘ)ဦးညှင်း၊ ဆန်းဦး(ဘ)သိန်းဝင်း၊ တင်စန်း(ဘ)သိန်းဝင်း၊ နေထွန်း(ဘ)ဦးတင်သောင် ဦးဆောင်သည့် အကြမ်းဖက်အုပ်စုသည် ၂၀၂၃ ခုနှစ် မတ်လ (၁၂)ရက်နေ့မှစ၍ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်လာပြီး အထက(ခွဲ)ကျောင်းဆောင်သစ်များအတွင်းနှင့် ကျေးရွာဆေးပေးခန်းတွင် အခြေချ နေထိုင်လျက်ရှိပါသည်။ 

၎င်းတို့ အနေဖြင့် ကျေးရွာသူ/သားများအား တစ်အိမ်လျင် တစ်လ (၅၀၀၀၀)ကျပ်ပေးဆောင်ခိုင်းခြင်း၊ ဆယ်အိမ်ခေါင်းများအလိုက် ကင်းစောင့်ခိုင်းခြင်း၊ ထမင်းဟင်းချက်ပို့ခိုင်းခြင်းများအပြင် လုံခြုံရေးအဖွဲ့များ ဝင်ရောက်လာပါက ထိခိုက်စေရန် ရွာအဝင်/အထွက်လမ်းများတွင် မိုင်းများထောင်ထားခြင်း၊ NLD မထောက်ခံသူများ၊ အစိုးရဝန်ထမ်းများ၏ မိသားစုဝင်များအား အတင်းအကြပ် ဖိအားပေး  CDM ပြုလုပ်ရန် စေခိုင်းခြင်းများပြုလုပ်လုပ်လျက် ရှိကြပါသည်။

လက်ရှိကာလတွင် ကျေးရွာသူ/သားများအနေဖြင့် ရွာအတွင်း နေထိုင်နိုင်ခြင်းမရှိပဲ ကျေးရွာထိပ်ရှိ မူးမြစ်တစ်ဖက်ကမ်းတွင် တိမ်းရှောင်နေကြရပါသည်။ ၎င်းတို့၏ အကြမ်းဖက်မှု ကိုကြောက်ရွံ့သော ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အခြားပါတီထောက်ခံသောရွာသားများအနေဖြင့် နေအိမ်များကိုစွန့်ခွာကာ ဆွေမျိုးများရှိသည့်နေရာများတွင် နေထိုင်နေကြရပါသည်။

သရက်ခေါင်းရွာသည် ရှေးယခင်ကပင် သာသနာအစဉ်အဆက်ထွန်းကားခဲ့ပြီး ရဟန်း၊ သာမဏေ၊ အစိုးရဝန်ထမ်းများ လက်ရှိကာလအထိ နယ်ပယ်အလိုက် တာဝန်ထမ်းဆောင်လျက်ရှိကြပါသည်။ သို့ဖြစ်ပါ၍ ကျေးရွာအတွင်း လက်နက်အားကိုးဖြင့် ခြိမ်းခြောက်အကြမ်းဖက်နေသော အကြမ်းဖက် NUG/CRPH လက်အောက်ခံ PDF/ပကဖ အမည်ခံ အကြမ်းဖက်အဖွဲ့များအား တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးချေမှုန်းပေးနိုင်ပါရန် တင်ပြအပ်ပါသည်။


တာဝန်သိ ပြည်သူတစ်ဦး

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)