Pages

Pages

PDF အကြမ်းဖက်အဖွဲ့ထံ ဆက်သွယ်သတင်းပေးပို့နေသူ ၂ဦး ဖမ်းဆီးထိန်းသိမ်း



MNP ၊ မေ ၂၃

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ အင်းတော(တ)ကျေးရွာတွင် PDF ပဒက်များထံ သတင်းပေးသူများအား ယမန်နေ့ က ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

ပေါက်မြိုနယ်၊ အင်းတော(တ)ကျေးရွာတွင် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်နေသည့် PDF အကြမ်းဖက်သမားများနှင့် ပတ်သတ်ဆက်နွယ်နေသည့် သူများရှိကြောင်း တာဝန်သိပြည်သူ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲ့ဝင်များက ၎င်းကျေးရွာသို့  သွားရောက်ရှာဖွေခဲ့ရာ အောင်လှိုင်ဌေး နှင့် ခင်ပြုံးထွေး တို့အား နေအိမ်တွင် အသီးသီးတွေ့ရှိခဲ့ပြီး စစ်ဆေးမေးမြန်းခဲ့ရာ လုံခြုံရေးအဖွဲ့ဝင်များ၏ သွားလာလှုပ်ရှားမှုများအား PDF အကြမ်းဖက်သမားများထံ သတင်းပေးနေကြောင်း စစ်ဆေးသိရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment