MNP ၊ မေ ၃၀
မွန်ပြည်နယ် ၊ပေါင်မြို့နယ်တွင် ကမ္ဘာ့ဆေးလိပ်မသောက်ရနေ့အထိမ်းအမှတ် အသိပညာပေး(Talk Show) ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ( Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး ပေါင်မြို့နယ်ပြည်သူ့ဆေးရုံမှ မိခင်ကလေး၊ကျောင်းကျန်းမာ၊အာဟာရ ဦးစီးအရာရှိ ဒေါ်ချိုချိုလွင် က ဆေးလိပ်နဲ့ပတ်သက်ပြီးဖြစ်စေတတ်သော ဆီးချို၊သွေးတိုး၊အဆုတ်ကင်ဆာ၊လည်ချောင်း ကင်ဆာ၊ပါးစပ်ကင်ဆာစသော သေစေသည်အထိဖြစ်စေခြင်း၊ဆေးလိပ်သောက်ခြင်းဖြင့်ဘေးပတ်ဝန်းကျင်တွင် ရှိသော လူများလည်းအငွေ့ရှူခြင်းဖြင့် ဆေးလိပ်သောက်သုံးသူထက် (၁၀)ဆ ဆိုးကျိုးဖြစ်စေခြင်း၊မူးယစ်ဆေးအစ ဆေးလိပ်ကဖြစ်သည့်အတွက် ဆေးလိပ်မသောက်သုံးကြရန် စသည့်အကြောင်းအရာများနှင့်ပတ်သက်၍ သိသင့်သိထိုက်သောအကြောင်းအရာများကိုဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment