Pages

Pages

ပေါက်တောမြို့တွင် သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအသိပညာပေး(Talk Show)ဆောင်ရွက်




MNP ၊ မေ  ၁၀

 ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့ နေ့လယ် ၁ နာရီက သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအသိပညာပေး(Talk Show) ဆောင်ရွက်ကြသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါျ တင်တင်စိန် က(Talk Show) ပြုလုပ်ခြင်းပတ်သက်ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းမှ မြို့နယ်တပ်ဖွဲ့မှူး ဦးမောင်ဝင်းစိုးက မိုးကြိုကာလ၌အဖြစ်များသည့် လေပြင်းမုန်တိုင်းဘေးအတွက် ကြိုတင်ကာကွယ်ရန် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုများ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်အတွင်းနှင့် ဖြစ်ပွားပြီးနောက် လိုက်နာကြရမည့် ဆောင်ရန်ရှောင်ရန်အချက်များ၊ မုန်တိုင်းဘေးအတွက် သတ်မှတ်ထားသည့် အရောင်ငါးမျိုးဆိုင်ရာသိကောင်းစရာများ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ပေးလျက်ရှိသည့် မိုးလေဝသသတင်းများကို ဂရုပြုနားထောင်ကြရန်၊ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးကြသည်။


ဝင်းမင်းစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment