Pages

Pages

သထုံမြို့နယ်တွင် တိုင်း‌ရင်းဆေးပညာနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်



MNP ၊ မေ  ၁၉

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့၊ နံနက်ပိုင်းက တိုင်း‌ရင်းဆေးပညာနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) အစီအစဉ် ကျင်းပ ပြုလုပ်သည်။


ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး ‌ခရိုင်တိုင်းရင်း‌ဆေးမှူး ဒေါ်အိသွယ်မိုးက သဘာဝဘေးဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် အများဆုံးဖြစ်ပွားလေ့ရှိသည့် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ၎င်းရောဂါ၏ ရှေ့ပြေးလက္ခဏာများ၊ မသန့်ရှင်းသောရေနှင့် အစားအသောက်တို့မှတစ်ဆင့် အသက်အန္တရာယ်ထိခိုက်သည်အထိဖြစ်ပွားနိုင်‌သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုနှင့် မဖြစ်ပွားအောင် လိုက်နာကျင့်သုံးရမည့် သောက်သုံးရေသန့်ရှင်းရေး၊ အစားအသောက် သန့်ရှင်းရေး၊ လက်သန့်စင်ရေး၊ အိမ်သာသန့်ရှင်းရေး စသည့် အချက်များ၊ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားပါက တိုင်းရင်းဆေးနည်းအရ ကာကွယ်ကုသရမည့် နည့်လမ်းများနှင့် တိုင်းရင်းဆေးပစ္စည်းများ စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


သထုံခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်‌လျှက်ရှိကြောင်း သိရသည်။


နဒီ

 https://t.me/MyanmarNationalPost










No comments:

Post a Comment